မိုင်းယောင်း မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့အသိပညာပေးခြင်းကို မတ်လ ၈ ရက်နေ့တွင် မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့များက အသီးသီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဖွဲ့(၂)က ဝမ်တပ်အုပ်စု၊ ဟွေထမ်ကျေးရွာနှင့် ဟွေဖအုပ်စု၊ နမ့်နော်(အပေါ်)ကျေးရွာတို့၌လည်းကောင်း၊ အဖွဲ့(၃)က ဝမ်ဘိုးအုပ်စု၊ ဖကျောက်ကျေးရွာ၌လည်းကောင်း၊ အဖွဲ့(၄)က ဝမ်မန်းအုပ်စု၊ ဝမ်ဒန်ကျေးရွာ၌လည်းကောင်း၊ အဖွဲ့(၆)က ဟောင်ကြန့်အုပ်စု၊ ဟောင်ကြန့်ကျေးရွာ၌လည်းကောင်း လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး တားဆီးပညာပေးခြင်းအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)