မြစ်သား မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာဖြေဌာနများ ပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးကို မတ်လ ၉ ရက် နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ စာဖြေဌာနများဖြစ်သည့် မြစ်သားမြို့၊ ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာနနှစ်ခုတွင်လည်းကောင်း၊ ကူမဲမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ရွာခိုင်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း စာဖြေဌာန ၄ ခုတို့တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မီးဘေးအန္တရာယ်ကင်း ရှင်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ သောက်ရေ၊ သုံးရေပြည့်စုံမှုရှိရေး၊ စာဖြေခန်းများနှင့် စာဖြေခုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အလင်းရောင်ကောင်းစွာရရှိရေး၊ အများသုံးအိမ်သာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရ သည်။
မြစ်သားမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုမည့် စာဖြေဌာနများအား လှည့်လည်ကြည်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့၀င်များ၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြစ်သားမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်၊ မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစိုးအောင်၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ မြို့လျှပ်စစ်မာန်နေဂျာ ဦးရန်နိုင်စိုးတို့နှင့် တာ၀န်ရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကျင်းပမည့်စာဖြေဌာနများ ပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)