သာစည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ

သာစည် မတ် ၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ် နွေရာသီအားကစားနည်း သင်တန်းများကို မတ် ၁ ရက်မှစတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံကသိရသည်။

အဆိုပါသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ကရာတေးနှင့် ပြေးခုန်ပစ် အားကစား နည်းများကို အခြေခံမှစတင်၍ မတ်လကုန်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး နေ့စဉ် ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲ အထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းများတွင် ဘောလုံးအားကစားနည်း၌ သင်တန်းသား ၅၀၊ ဘော်လီဘောအားကစားနည်း၌ သင်တန်းသား ၃၀၊ ကရာတေးအားကစားနည်း၌ သင်တန်းသား ၁၀ ဦးနှင့် သင်တန်းသူ ၁၀ ဦး၊ ကြက်တောင်အားကစားနည်း၌ သင်တန်းသား ငါးဦးနှင့် သင်တန်းသူ ခြောက်ဦး၊ ပြေးခုန် ပစ်အားကစားနည်း၌ သင်တန်းသား ငါးဦးနှင့် သင်တန်းသူ ငါးဦးတို့ တက်ရောက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်