မဟာအောင်မြေမြို့နယ်၌ Grade -12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာရမည့်စည်းကမ်းချက်များ ဆွေးနွေးပွဲသင်တန်းကျင်းပ

မဟာအောင်မြေ မတ် ၉

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာရမည့် စည်းကမ်းချက်များ ဆွေးနွေးပွဲသင်တန်းကို အမှတ်(၃)အ.ထ.က ကျောင်း၌ မတ် ၈ ရက်က ကျင်းပသည်။

ဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်စိုးစိုးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံးလုပ်နည်းများကိုရှင်းလင်း‌ပြောကြား၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်စေရေး ပူးပေါင်းဆောင်ကြရန်စသည့်များပြောကြားသည်။ ယင်းနောက် တက်ရောက်လာ‌သည့် ဆရာ၊ဆရာမများက သိလိုမှုများမေးမြန်းဆွေးနွေးသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ စုစုပေါင်း၂၂၀ တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း