မိတ္ထီလာခရိုင်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန  ၂၃ ခုတွင် ကျောင်းသားကျောင်းသူ ၁၀၁၁၉ ဦး ဝင်ရောက်ဖြေဆိုမည်

မိတ္ထီလာ မတ် ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ၂၀၂၆ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ၂၃ ခုတွင် ကျောင်းသားကျောင်းသူ ၁၀၁၁၉ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မိတ္ထီလာခရိုင်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် စာစစ်ဌာန ၂၃ ခု ဖွင့်လှစ်၍ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပသွားမည်ဖြစ်သည်။ ထိုသို့ ကျင်းပရာတွင် မိတ္ထီလာမြို့နယ်၌ စာစစ်ဌာနကိုးခုတွင် ကျောင်းသားကျောင်းသူ ၄၆၈၇ ဦး၊ မလှိုင်မြို့နယ် စာစစ်ဌာနငါးခုတွင် ကျောင်းသူကျောင်းသာ ၂၃၄၃ ဦး၊ သာစည်မြို့နယ် စာစစ်ဌာနငါးခုတွင် ကျောင်းသားကျောင်းသူ ၁၆၃၉ ဦးနှင့် ဝမ်းတွင်းမြို့နယ်၌ စာစစ်ဌာနလေးခုတွင် ကျောင်းသားကျောင်းသူ ၁၄၅၀ ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)