ကျေးသီး မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း(၉)နာရီ၌ မြို့နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေနိုင်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး အသက်(၁၀)နှစ်မှ (၁၇)နှစ်အရွယ် လူငယ်များကို သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူများ လိုက်နာရမည့်စည်းကမ်းချက်များနှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ဘောလုံး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ Fitness Dance အခြေခံ အားကစားနည်းများကို မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီးအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ စုစုပေါင်း (၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)