ကာလိ မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံဆီဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် ခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူနှင့်တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူနှင့် ဝန်ထမ်းမျာ၊ စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ခံအရာရှိ ဦးအောင်မြင့်လွင်၊ ကာလိနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့်တာဝန်ရှိသူများက စက်သုံးဆီဖြန့်ဖြူးရောင်းချနေသောဆိုင်များတွင် ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း မှန်ကန်စွာရောင်းချနိုင်ရေးနှင့် နေ့ရက်အလိုက်သတ်မှတ်ထားသော (စုံ၊မ)အက္ခရာယာဉ်အမှတ်များကို သတ်မှတ်ရက်အလိုက် စနစ်တကျ ရောင်းချသွားရန် မှာကြားခဲ့သည်။
ကာလိ(ပြန်/ဆက်)