လှိုင်သာယာ(အနောက်) မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/- ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက် (၉/ ၁၀/ ၁၁/ ၁၂/ ၁၃/ ၁၄) ရပ်ကွက်မှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူ (၅၅၅) ဦးအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော တစ်ဦးလျှင် တစ်လစာထောက်ပံ့ငွေ ငွေကျပ် ၂၀၀၀၀/- ကျပ်နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလသုံးလစာထောက်ပံ့ငွေ တစ်ဦးလျှင် ၆၀၀၀၀/- ကျပ်အား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း ဦးဆောင်ပြီး အဖွဲ့ (၂) ဖွဲ့ခွဲ၍ ရပ်ကွက် (၆) ရပ်ကွက်မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၅၅၅) အတွက် သုံးလစာ ၃၃၃၀၀၀၀၀/-ကျပ် ထောက်ပံ့ပေးအပ်ခဲ့ပြီး နောက်ရက်များတွင်လည်း ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများမှယာယီနေရပ်စွန့်ခွာပြည်သူများအား ဆက်လက်ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)