ကွမ်းခြံကုန်း မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆဌမအကြိမ် ချေးငွေပြန်လည်ထုတ်ပေးခြင်းကို ယမန်နေ့က သပြုစမ်းကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့်ကျေးရွာတာဝန်ခံများမှ အသင်းသား (၃၅) ဦးအား ဆဌမအကြိမ်မြောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ထုတ်ချေးငွေကျပ် (၁၄. ၇၁) ကျပ်သန်းအား ထုတ်ချေးပေးခဲ့ခြင်းအား လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)