တိုက်ကြီးမြို့နယ် အဖျောက်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ လမ်းများပေါ်တွင် ရေကြီး ရေလျှံမှုမဖြစ်ပေါ်စေရေး အများပြည်သူ များ သွားလာရေးအဆင်ပြေစေရန်အတွက် (၂၀၂၀ - ၂၀၂၁) ဘဏ္ဍာနှစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော မြေသားလမ်းများအား ကွန်ကရစ် လမ်းခင်းဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ် အဖျောက်မြို့ ပိတောက်ရွှေဝါ လမ်းသွယ်(၃)အား ကွန်ကရစ် လမ်း အဆင့်မြှင့်တင်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင်၊ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် တာဝန်ခံ အင်ဂျင်နီယာများ ပါဝင်သော အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ အများပြည်သူများ သွားလာရေး အဆင်ပြေစေရန် လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)