ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန်အတွင်းရှိ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ဒဂုံအရှေ့ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်ရှိ စက်ရုံ/ အလုပ်ရုံများ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက ကနောင်မင်းသားကြီးလမ်းရှိ (၅၉+၆၀) General Enterprises Garment သို့ရောက်ရှိရာ စက်ရုံတာဝန်ရှိသူတစ်ဦးမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအား ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီးနှင့် တပ်ဖွဲ့ဝင်များ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များမှ အမှတ် (၅၉+၆၀) နှင့်အမှတ် (၅၊ ၆၊ ၃၁၊ ၃၂) ရှိ General Enterprises Garment စက်ရုံများတွင် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ အထည်လိပ်များ၊ ကုန်ကြမ်း/ ကုန်ချောများ သိုလှောင်ထားရှိမှု၊ စက်ရုံအတွင်း လေဝင်/ လေထွက် ကောင်းမွန်စေရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မီးပူခန်းအတွင်း မီးပူအသုံးပြုခြင်းတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ