သပိတ်ကျင်း မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဝါးဖြူတောင်) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
အခြေခံပညာအထက်တန်းကျောင်း(ဝါးဖြူတောင်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်နှင့် ဝါးဖြူတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထွန်းတို့ ဦးဆောင်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်ရှိ သစ်ပင်ကြီးများချုံနွယ်များ၊ အမှိုက်သရိုက်များကို ပထမအကြိမ် ဖေဖော်ဝါရီ ၂ ၁ရက်က ခုတ်ထွင်ရှင်းလင်းခဲ့ကြပြီး မတ် ၅ ရက်တွင် စာသင်ခန်းများနှင့်ရုံးခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စာရေးခုံများ စနစ်တကျနေရာချထားခြင်းများနှင့် ဆေးသုတ် အလှဆင်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်း(ဝါးဖြူတောင်)မှ ကျောင်းအုပ် ဆရာမကြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား မိဘများ၊ ဒေသခံပြည်သူများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ စုစုပေါင်း အင်အား (၁၀၀)ခန့် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပြီး ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် အဆင်သင့်ဆောင်ရွက်ပြီးဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)