မလှိုင် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွန်မှာကြားချက်နှင့် ဆုံးဖြတ်ချက်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များကို ထပ်ဆင့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဦးစီးအရာရှိ ဦးဇော်မင်းက ဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွန်မှာကြားချက်၊ ဆုံးဖြတ်ချက်များနှင့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်က ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်များကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်အိမိုးခိုင်နှင့် ကျွမ်းကျင် (၃) (ရုပ်သံ)တို့က (၃၅) နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် (၄၁) ချက်ကို အလှည့်ကျဖတ်ရှုခဲ့ကြပြီး၊ ၂၀၂၆ ခုနှစ်အတွင်း မိမိတို့မြို့နယ်ရုံးအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)