ရမည်းသင်း မတ် ၆
ရမည်းသင်းမြို့နယ်၊ ကံသာအေးကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဖြစ်သည့် ကျေးရွာမုဒ်ဦး ဆိုင်းဘုတ်နှင့် ကွန်ကရစ်လမ်း (၅၅၀) ပေ ဖွင့်ပွဲအား ယနေ့နံနက်တွင် ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ရမည်းသင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး၊ ဦးအောင်မျိုးဝေက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဥက္ကဋ္ဌ ဦးဇော်လှိုင်ဦးက ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ တာဝန်ရှိသူများက မုဒ်ဦးနှင့်ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)