မြောက်ဥက္ကလာပ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက စက်မှုဇုန်များ၊ နေအိမ်များ၊ ဈေးများအား အသိပညာပေး စစ်ဆေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးနှင့် တပ်ဖွဲ့ဝင်များ၊ စျေးဌာနစုမှူး ဦးထင်ကျော်၊ စျေးတာဝန်ခံများ၊ စျေးလုံခြုံရေးများဖြင့်ပါ၀င်သော ပူးပေါင်းအဖွဲ့က ဝေဘာဂီလမ်း၊ (ဌ)ရပ်ကွက်ရှိ သီရိရတနာ(ဌ)စျေးနှင့် သုဓမ္မာလမ်းမကြီး၊ ကျောက်ရေတွင်းရပ်ကွက်ရှိ၊ ကျောက်ရေတွင်းစျေးအားလည်းကောင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုးမိုးဖြိုးဦးဆောင်၍ တပ်ဖွဲ့၀င်များက ရွှေပေါက်ကံ ၁၂ ရပ်ကွက်အား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးနိုင်သူရစိုးဦးဆောင်၍ တပ်ဖွဲ့၀င်များက New Life တည်းခိုခန်းနှင့် မြောက်ဥက္ကလာပစက်မှုဇုန်အတွင်းရှိ ဒန်အိုးစက်ရုံတို့အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။
ထို့နောက် မြို့နယ်အတွင်းရှိ ဇီဇဝါ ၁ လမ်း၊ (၂)ရပ်ကွက်ရှိ အမှတ် ၂ စျေးအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦဆောင်၍ တပ်ဖွဲ့၀င်များ၊ စျေးဌာနစုမှူးဦးထင်ကျော်၊ စျေးတာဝန်ခံ၊ စျေးညလုံခြုံရေးများပူးပေါင်း၍ ညနေစျေးပိတ်ချိန် ဆိုင်ခန်းများရှိ Breaker များချထားခြင်းရှိ/မရှိ၊ စျေးရေလှောင်ကန်ရေရှိ/မရှိနှင့် စျေးညလုံခြုံရေးများ စျေးအတွင်း မီးငြှိမ်းသတ်ရန်စီမံဆောင်ရွက်ထားသည့် အပေါ့စားစက်အား အသုံးပြုတတ်ခြင်း ရှိ/မရှိ၊ ပိုက်ခေါင်းနော်ဇယ်အား ကိုင်တွယ်အသုံးပြုပုံတို့အား မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် စစ်ဆေးလေ့ကျင့်ပေးခဲ့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)