ရပ်စောက်မြို့၌ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

ရပ်စောက် မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၆) မျိုးကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ရပ်စောက်မြို့နယ်၊ အားကစားခန်းမနှင့် ဘောလုံးကွင်းတို့တွင် မြန်မာ့သိုင်း၊ ဖူဆယ်၊ အေရိုးဗစ် (Myanmar Fitness Dance)၊ ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းအင်္ကျီများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)