မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြသ

မိုင်းခုတ် မတ် ၆

ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နံရံကပ်စာ​စောင်များအ​ဖြစ် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာ​ပေး သုတ၊ ရသ စာအုပ်စာ​စောင်များအား ပြသခဲ့ပါသည်။

ဆက်လက်၍ ခင်းကျင်းပြသထားသည့် အသိပညာ​​ပေး သုတ၊ ရသ အစရှိသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာ​စောင်များကို ​ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခင်သန္တာ​အောင်