မြစ်သား မတ် ၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၆ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး နယ်မြေလုံခြုံရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးလျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး၊ လှည့်ကင်းပတ်ကင်းများ လှည့်လည်ဆောင်ရွက်စေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကိစ္စနှင့်ပတ်သက်၍ စာစစ်ဌာန(၄)ခုတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လျှပ်စစ်မီးရရှိရေး၊ စာမေးပွဲဖြေဆိုနေစဉ် ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရေး လုံခြုံရေးစနစ်တကျထားရှိရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း၌ နေ့စဉ်ဆော်ဩခြင်း၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိနိုင်ရေးနှင့် မေးခွန်းလွှာနှင့်အဖြေလွှာများ အသွင်းအထုတ်ပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီး လိုအပ်သည့်အခက်အခဲများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီအဖွဲ့က ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် စာစစ်ဌာန(၄)ခုမှ ကြီးကြပ်ရေးမှူးများ၊ မြို့ပေါ်ရှိရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)