ဝမ်းတွင်းမြို့နယ်၌  မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဝမ်းတွင်း   မတ်  ၆

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့က စက်သုံးဆီအရောင်းဆိုင်များတွင် ကွင်းဆင်းဆောင်ရွက်သည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်ဆိုင်များတွင် မီးလောင်မှု မီးလန့်မှုများ မဖြစ်ပေါ်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစိုးထွန်းနှင့် တပ်ဖွဲဝင်များက မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့‌‌ကျင့်ခြင်း၊ ကြိုတင်ကာကွယ်ရေးပစ္စည်းများစစ်ဆေးခြင်းနှင့်  191 application အသုံးပြုပုံများ ရှင်းလင်းပြသခြင်း၊ လိုအပ်သည်များ ကို‌ပေါင်းစပ်ညှိနှိုင်းအကြံပြုခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)