ပင်လောင်း မတ် ၆
ကျောင်းသား/ကျောင်းသူ၊ လူငယ်မောင်မယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အားကစားကဏ္ဍများတွင် အလားအလာကောင်းသည့် ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ပညာဘာသာရပ်ဆိုင်ရာ နားလည်တတ်ကျွမ်းမှုရရှိစေရန်ရည်ရွယ်၍ အားကစားသင်တန်းများနှင့် အင်္ဂလိပ်စာသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးရာ အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်အားကစားနည်းနှင့် ပညာဘာသာရပ် English 4 Skills တို့ကို ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မတ်လ ၁၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)