တံတားဦး မတ် ၅
မန္တလေးတိုင်းဒေသကြီ၊း တံတားဦခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးရေးနှင့်မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ မီးသတိရှိရေးစသည်တို့ကိုရည်ရွယ်ပြီး မီးဘေးအန္တရာကြိုတင်ကာကွယ်ရေးအတွက် နေ့စဉ်ညနေ (၅)နာရီအချိန်တိုင်း မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကျော်သူအောင် ဦးဆောင်ပြီးတပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ လျှပ်စစ်မီးများ အသုံးပြုရာတွင်လည်း မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုကိုင်တွယ် အသုံးပြုကြရန်၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးကြရန် စသည်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများသို့တစ်အိမ်တက်တစ်အိမ်ဆင်းစစ်ဆေးခြင်း၊ မြို့မဈေးစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များ စစ်ဆေးခြင်း၊ ဌာနဆိုင်ရာများ မီးဘေးအန္တရာယ်သရုပ်ပြခြင်း၊ ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး စိမ့်ဝင်ပျံ့နှံ့စေရန်အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)