ရွှေပြည်သာ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၁) နှင့် ဝါးတစ်ရာ စက်မှုဇုန်ရှိ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌနှင့် စက်ရုံအလုပ်ရုံ အလုပ်ရုံ (၁၂၆) ရုံရှိ လုပ်ငန်းရှင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဝါးတစ်ရာစက်မှုဇုန်ကော်မတီရုံး၌ ကျင်းပခဲ့သည်။
မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်စမ်းအေးဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြသခြင်း၊ 191 Report Application အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ သတင်းပို့သည့်စနစ်များအား ရှင်းလင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အကြံပေးခြင်းနှင့် လိုအပ်သည်များထားရှိရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)