အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲကျင်းပ

ကျောက်ဆည် မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲကို မတ်လ ၅  ရက် နံနက် ၉ နာရီက အဆိုပါကျောင်းဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး WLConstruction Co.,Ltd မှ အင်ဂျင်နီယာဦးဝင်းလွင်၊Myanmar United Power Co.,Ltdမှ Chief Executive Engineer ဦးအောင်ကျော်လင်း၊ ကျင်းလုံမြန်မာကုမ္ပဏီလီမိတက်မှ BDM Manager ဦးထွန်းထွန်းလင်း၊ မြန်မာသံတော်မြတ်ကုမ္ပဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှ ဒုတိယမန်နေဂျာ HRဦးနေမျိုးဆန်းလှိုင်နှင့် မြန်မာနက်ကုမ္ပဏီမှအင်ဂျင်နီယာ ဦးစိုးမင်းထွန်းတို့က အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ အကြောင်းအရာများကို အသီးသီးဟောပြောခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ကျောင်းသူများက သက်ဆိုင်ရာမေဂျာများအလိုက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအကြောင်းများကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 သက်မောင်(ကျောက်ဆည်)