လှည်းကူး မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပေါင်းစပ်မှုဖြင့် သက်ကြီးဘိုဘွားများအား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ယမန်နေ့နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ကြီးရွယ်အိုးများအား ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် မြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူး ဒေါ်သင်းသင်းစိုးက ကိုယ်လက်လှုပ်ရှား လေ့ကျင်းခန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့က ကျန်းမာရေးဆိုင်ရာများကို စစ်ဆေးကုသဆောင်ရွက်ပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့က တိုင်းရင်ဆေးနည်းပညာများဖြင့် ကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ရာ သက်ကြီးဘိုးဘွား ကျား (၁၄) ဦး၊ မ (၃၈) ဦး စုစုပေါင်း (၅၂) ဦးတို့က လာရောက်ကုသမှုခံယူခဲ့ကြကြောင်း သိရသည်။
အိရွှေစင်လတ်