ရန်ကုန် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ အခြေခံလူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က သန်လျင်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား သင်တန်းသူများအနေဖြင့် ပြည်သူလူထုနှင့် အမြဲထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများဖြစ်သည့်အတွက် ယဉ်ကျေးသိမ်မွေးစွာ ပြောဆိုဆက်ဆံကြရန်နှင့် သင်တန်းမှ သင်ကြားပို့ချသည်များကို လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်စွာ အသုံးချတတ်ကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ (၇၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ