တောင်ဥက္ကလာပ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၃ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စျေးများသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆောင်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ရုံးဦးစီးအရာရှိ ဦးဇော်ရန်အောင် ဦးဆောင်၍ တောင်ဥက္ကလာပမြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာစျေးတာဝန်ခံများပူးပေါင်း၍ ဈေးများအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အကြံပေးခြင်း၊ သရုပ်ပြဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည်များ ထပ်မံဆောင်ရွက်ထားရှိရန် စျေးတာဝန်ခံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)