မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပုံတူပန်းချီဆွဲပြိုင်ပွဲကျင်းပ

မြစ်သား  မတ်  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ပုံတူပန်းချီဆွဲပြိုင်ပွဲကို မတ်လ ၅ ရက် နံနက်  ၁၁ နာရီက  ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့လည်း   အသိပညာဗဟုသုတများရရှိရေး ၊   ယှဉ်ပြိုင်လိုသည့်   စိတ်ဓာတ်များ  ဖြစ်ပေါ်လာစေရေး၊ စာအုပ်စာစောင်ပြပွဲ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခြင်း၊ စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်ပြီး အခမဲ့ငှားရမ်းဖတ်ရှုနိုင်တဲ့ စာအုပ်စာပေတွေကို ကလေးတွေအနေနဲ့စာပေဖတ်ရှုနိုင်တဲ့ အခွင့်အလမ်းတွေရရှိလာနိုင်ကြောင်းပြောကြားသည်။ ထို့နောက် ပုံတူပန်းချီပြိုင်ပွဲကို  ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးပါဝင် ယှဉ်ပြိုင်သည်။ သင်တန်းဆင်းပွဲတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)