မြောက်ဥက္ကလာပ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက ယမန်နံနက် ၉ နာရီအချိန် စက်မှုဇုန်များ၊ နေအိမ်များ၊ စက်သုံးဆီဆိုင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေလင်း၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးနှင့် တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့က (င)ရပ်ကွက်နှင့် ရွှေပေါက်ကံ (၁၆)ရပ်ကွက်တို့အား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မြောက်ဥက္ကလာပစက်မှုဇုန်အတွင်းရှိ စိန်သုံးလုံးပိတ်လိပ်ဂိုဒေါင်၊ UPI ပလတ်စတစ်လုပ်ငန်းနှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မိမိတို့ရပ်ကွက်များအတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိတို့မြို့နယ်၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသောစည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ဆက်သွယ်ရမည်ဖြစ်ကြောင်း ပြည်သူများအား မီးဘေးအသိပေးခြင်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)