လမ်းမတော်မြို့နယ်တွင် မသန့်ရှင်းသောရေနှင့် အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်

လမ်းမတော် မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အနော်ရထာလမ်းပေါ်ရှိ လမ်းဘေးဈေးသည်များအား Check List တွင်ရှိသော စည်းကမ်းချက်များအတိုင်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာအောင်ဟိန်းဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်ကျန်းမာဝန်ထမ်းများ ပူးပေါင်း၍ လမ်းမတော်မြို့နယ် အနော်ရထာလမ်းပေါ်ရှိ လမ်းဘေးဈေးသည်များအား checklist ဖြင့်စစ်ဆေးခြင်း၊ အသည်းရောင်အသားဝါအေရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ Apron၊ mask၊ surgical cap၊ ရေသန့်ဆေးပြားများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မသန့်ရှင်းသောရေနှင့် အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုလျော့ချရေးနှင့် ကာကွယ်ရေးအတွက် အစားအသောက်ရောင်းချရာ၌ ဘေးကင်းလုံခြုံစိတ်ချစွာ ရောင်းချရန်၊ အစားအစာပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာရမည့် အချက်များအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)