မရမ်းကုန်းမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂ဝ၂၆) ကျင်းပ

မရမ်းကုန်း မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ (၃/၂၀၂၆) တိုင်းဒေသကြီးအစိုးရ၏ အစည်းအဝေးဆုံးဖြတ်ချက်များအား မြို့နယ်ဌာနဆိုင်ရာများကို ပြန်လည်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ ၃ နာရီက မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်က “မရမ်းကုန်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားရန်၊ ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ရုံးဌာနများ မီးသတိပြုပြီး လက်တွေ့မီးငြိမ်းခြင်းများ ဆောင်ရွက်နိုင်အောင် လေ့ကျင့်ထားရန်လိုအပ်ကြောင်း၊ မတ်လ ၁၁ ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်စသည့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း‌ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညွှန်ကြားချက်များအား မရမ်းကုန်းမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွဋ်က မိမိတို့မြို့နယ်နှင့် သက်ဆိုင်သည့် တိုင်းဒေသကြီးအစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များက ဆွေးနွေးခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

ယဉ်မော် (ပြန်/ဆက်)