သာစည် မတ် ၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနငါးခုဖြင့် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၁၆၃၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
စာစစ်ဌာနငါးခုတွင် အထက(၁)သာစည်စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၄၈၇ ဦးနှင့် ပြင်ပဖြေဆို မည့်သူ ၂၃၀၊ စုစုပေါင်း ၇၁၇ ဦး၊ အထကညောင်ရမ်းစာစစ်ဌာန၌ ကျောင်းတွင်း ဖြေဆိုမည့်သူ ၂၂၀ ဦးနှင့် ပြင်ပဖြေဆို မည့်သူ ၇၇ ဦး စုစုပေါင်း ၂၉၇ ဦး၊ အထက ဟံဇားစာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၂၀၅ ဦးနှင့် ပြင်ပဖြေဆို မည့်သူ ၈၃ ဦး စုစုပေါင်း၂၈၈ ဦး၊ အထကယင်းမာပင်စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၇၇ ဦးနှင့် ပြင်ပဖြေဆို မည့်သူ ၁၇ ဦး စုစုပေါင်း ၉၄ ဦးနှင့် အထကမယ်ဇလီကန်စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၁၅၈ ဦး နှင့်ပြင်ပ ဖြေဆိုမည့်သူ ၈၅ ဦး စုစုပေါင်း ၂၄၃ ဦးတို့ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်