ကျောက်ပန်းတောင်း မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ရေသောက်စနစ်၌ နွေစပါး နှင့် နွေသီးနှံများ စိုက်ပျိုးရန်အတွက်၊ ကြက်မောက်တောင် ရေလှောင်တမံမှ မတ် ၃ ရက် မှစတင်၍ စိုက်ပျိုးရေများ စတင် ပို့လွှတ်ပေးလျက်ရှိသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကြက်မောက်တောင်ဆည်ရေသောက်စနစ်အတွင်းရှိ စိုက်ပျိုးမြေများတွင် နွေစပါး ၂၄၁၅ ဧက နှင့် နွေသီးနှံဖြစ်သည့် နှမ်း ၄၂၀၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပြီး၊ အဆိုပါ နွေစပါးနှင့် နွေသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်စေရန်အတွက် စိုက်ပျိုးရေများ စတင်ပို့လွှတ်ပေးနေခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေဝင်းက ပြောသည်။
ကြက်မောက်တောင်ဆည်ရေသောက်စနစ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့် နွေသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးနှင့် စိုက်ပျိုးမြေတိုးချဲ့စိုက်ပျိုး နိုင်စေရန် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများနှင့် စွမ်းအင်ပြည့် မြေဆီမြေဩဇာ စနစ်တကျ သုံးစွဲရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)