ရန်ကုန် မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၏ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ် (၃) ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ ပြင်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသာ၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဆောင်ရွက်မှု မှတ်တမ်း ဗီဒီယိုအား ပြသခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အကဲဖြတ်ဒိုင်ချုပ် ကိုယ်စားလှယ် ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုးက ဆုရွေးချယ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတို့တွင် အထူးဆု၊ ပထမ၊ ဒုတိယ၊ တတိယရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတို့တွင် အကဲဖြတ်ဒိုင်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု လက်ဆောင်များ၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်များ၏ အမှတ်တရ လက်ရာမွန်များပြပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှ မတ်လ(၁) ရက်နေ့အထိကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း အဆင့်အတွက် အာကာသသူရဲကောင်း၊ အခြေခံပညာအလယ်တန်းဆင့်အတွက် စူးစမ်းလေ့လာ အာကာသကမ္ဘာနှင့် အခြေခံပညာအထက်တန်းအဆင့်အတွက် အနာဂတ်အာကာသ နည်းပညာ ခေါင်းစဉ်များဖြင့် ပြိုင်ပွဲကို ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၀၀၀) နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)