ညောင်ဦး မတ် ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ၂၀၂၆ ခုနှစ်၊အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ခြင်း အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ညောင်ဦး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ မတ် ၄ ရက်၊နံနက် ၁၀ နာရီက ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အစိုးရ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာပေးပွဲ ညောင်ဦးစာဖြေဌာန၌ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်တော်မူကြသော သံဃာတော်အရှင်သူမြတ်များ၊သီလရှင် ဆရာကြီး/ဆရာလေးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော် ကြီးများနှင့်သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်များဆက်ကပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များ၊ဘုရား(၁၈)ဆူမှ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း