ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်း၀င် ကျိုက်မှော်၀န်းရေလည်စေတီတော် ၁၁၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ

ကျောက်တန်း မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်း၀င် ကျိုက်မှော်၀န်းရေလည်စေတီတော် ၁၁၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ၌ ရွှေမှော်၀န်းသာဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဒေသာပင်ဆပ်ကပ်လှူဒါန်းခြင်းကို (တပေါင်းလပြည့်) မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီမှ စတင်၍ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ် (၂၂၅)ပါးအား ပဒေသာပင် (၂၂၅ )ပင်အား မဲဖောက်ဆပ်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကြွရောက်လာကြတော်မူလာကြသော သံဃာတော် အရှင်သူမြတ် (၂၂၅)ပါး တို့သည် သာသနာ့ဗိမာန်တော်ကြီးမှ စတင်ကာ မင်းကျောင်းလမ်းမကြီး၊ ရေလယ်ဘုရားလမ်းမကြီး၊ မကျီးတန်းလမ်းမကြီး၊ လမ်းမတော်လမ်းမကြီး၊ ကမ်းနားလမ်းမကြီး၊ မင်းလမ်းလမ်းမကြီး၊ ရွှေညောင်ပင်လမ်းမကြီးများတစ်လျှောက် ဆွမ်းဆန်ကြွရောက်အလှူတော်ခံမူခဲ့ကြသည်။ ဆက်လက်ပြီး ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနားကို ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေအလှူရှင်များမှ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေလင်းကျော်(ပြန်/ဆက်)