တွံတေး မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် ၂၀၂၆ ခုနှစ်မှ စတင်ဆောင်ရွက်မည့် နည်းဗျူဟာသစ်ဖြစ်သည့် လူနာနှင့်အတူနေများအား Single Dose Refanpicin(SDR) တိုက်ကျွေးခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့နေလယ်က တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှနှင့် ကျန်းမာရေးမှူးအဆင့်(၁)ဦးလှစိုးတို့က အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်း ၂၀၂၆ခုနှစ်မှ စတင်ဆောင်ရွက်မည့် နည်းဗျူဟာသစ်ဖြစ်သည့် လူနာနှင့်အတူနေများအား Single Dose Refanpicin(SDR) တိုက်ကျွေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သင်တန်းများပို့ချပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပညာရှင်၀န်ထမ်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)