လှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ မီးဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့ သရုပ်ပြ

လှိုင် မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ ဌာနဆိုင်ရာရုံးများ မီးလောင်မှု၊မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့ပူးပေါင်း၍ ယနေ့  နံနက် ၁၀ နာရီ အချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြခြင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးပြောကြားရာတွင် အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများအဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်လုပ်ငန်းများ လိုက်နာရမည့်အချက်များအားဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဟိန်းလင်းထက်နှင့်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့်ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)