ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရနအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေး ဆော်ဩခြင်းလုပ်ငန်းများကို ယနေ့နေပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်၊ သပြေကုန်းဈေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းဌေးတို့ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်လျှပ်စစ်မှတာဝန်ရှိသူများ၊ သပြေကုန်းရပ်ကွက်မှ ရပ်/ကျေးအဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးလုံခြုံရေး အဖွဲ့ဝင်များသည် RC ဈေးရုံကြီး ၁၀ပေ x ၁၂ ပေ ဆိုင်ခန်း ၃၆၈ ခန်း၊ Steel Structure ဈေးရုံကြီး ၆ ပေပတ်လည်ဆိုင်ခန်း ၄၈၀ ခန်း၊ YKKO အပါအဝင် ပတ်လည်စားသောက်ဆိုင်ခန်း ၁၁ ခန်း တို့အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေးဆော်ဩခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး၊ စျေးဆိုင်များရှိ တာဝန်ရှိသူများနှင့် စျေးလုံခြုံရေးဝန်ထမ်းများအား မီးဘေး လုံခြုံရေးဆိုင်ရာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
နီလာ