ကျိုင်းတုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ ၂၅ ရက်က ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်၊ နောင်တောင်းကျေးရွာအုပ်စု၊  ပါကော်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုနှင့် နမ့်အင်းကျေးရွာအုပ်စု၊ ဘန်ငူးကျေးရွာအခြေခံပညာမူလတန်း(လွန်) တစ်ထပ်ကျောင်းဆောင် ဆောင်ရွက်နေမှုတို့အား ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာအတွင်း လုပ်ငန်းများပြီးစီးနိုင်ရန် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)