ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကိုသိရှိပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်စေရန်အတွက် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် တပြည်သူမရွှေထားစာအုပ်ပါ တပြည်သူမရွှေထား စားစာအုပ်ဖတ်ရှုခြင်းဖြင့် လောကီရေးရာစာပေသာမက လောကုတ္တရာရေးရာစာပေတွေ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ရင့်ကျက်ပြီး ဘဝအတွက်မှန်ကန်သောလမ်းကို တည့်မတ်စွာသွားနိုင်ခြင်း၊ အနုပညာဂီတကို ချစ်မြတ်နိုးသောစိတ်ရှိသော လူငယ်လူရွယ်တွေ ပေါ်ထွန်းခြင်းကလဲ ဘဝလမ်းကြောင်းမှာပျက်စီးမှုမှ သွေဖယ်စေခြင်း၊ ပြည်မြို့ကိုအခြေခံထားသော ဇာတ်အိမ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချက်အချာကျသော စစ်ရေးအနေဖြင့် သတိပြုဖွယ်ရာတွေ့ရှိရခြင်း အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာကြီးများ၊ စာအုပ်စာစောင်ချစ်မြန်နိုးသူများအသင်းမှ စာရေးဆရာများက စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် တပြည်သူမရွှေထားစာအုပ်ပါအကြောင်းအရာများအား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)