ကျိုင်းတုံတက္ကသိုလ် ကြက်ခြေနီအသင်း ပဉ္စမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်း

ကျိုင်းတုံ ဖေ‌ဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ကြက်ခြေနီအသင်း၏ ပဉ္စမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့က ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပသည်။

ထိုသို့ ကျိုင်းတုံတက္ကသိုလ် ကြက်ခြေနီအသင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသွေးလှူဒါန်းမှုကို ကျိုင်းတုံတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာတိုးမောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူရှင်များအား အာဟာရပြည့်စားသောက်ဖွယ်ရာများ၊ အားဆေးများနှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)