တာချီလိတ် ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘဏ်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မကာဟိုခမ်းရပ်ကွက် အင်းဝဘဏ်တွင် ကျင်းပသည်။
ရှေးဦးစွာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာချီလိတ်မြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထွေးခိုင်နှင့် တပ်ဖွဲ့ဝင်များက အင်းဝဘဏ်၌ တပ်ဆင်ထားရှိသည့် မီးဘေးလုံခြုံရေးပစ္စည်းများအား လိုက်လံစစ်ဆေးခြင်း၊ ဂက်စ်အိုးမီးငြှိမ်းသတ်ခြင်း၊ ဆီမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်များဖြင့် ရေပက်ဖြန်းခြင်း စသည့်မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)