မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်း၌ ဝက်သက်​ရောဂါကာကွယ်​ဆေး ထိုးနှံပေး

အမရပူရ ဖေဖော်ဝါရီ ၂၆

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ ပန်းပဲတန်းရပ်ရှိ မဟာဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း​ရှိ  စိန်တိုက်ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲက အမရပူရမြို့ ကျန်းမာ​ရေးဦးစီးဌာန မှ ဝက်သက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ဝက်သက်ကာကွယ်ဆေးများကို ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ​ဒေါ်​ကေသီဦး ဦးဆောင်သောအဖွဲ့မှ​ကျောင်းတိုက်အတွင်းရှိ အသက် ၁၅ နှစ်​အောက် ကိုရင်၊ ဦးသူ​တော်​လေးများနှင့် ယာယီ​နေရပ်စွန့်ခွာ က​လေးငယ်များအား ထိုးနှံ​ပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံရာတွင် ရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးညွန့်ဝေနှင့် ရာအိမ်မှူးအဖွဲ့များမှလည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်​ပေးခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)