ဒဂုံမြို့နယ်တွင် ဝန်ထမ်းများ “ကျန်းမာရေးမှသည် တစ်နိုင်ငံလုံးသာယာဝပြောရေးဆီသို့” အစီအစဉ်ဖြင့် မျက်စိကုသမှုလုပ်ငန်းများ ဆောင်ရွက်

ဒဂုံ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၈ နာရီအချိန်က “ဝန်ထမ်းများ ကျန်းမာရေးမှသည် တစ်နိုင်ငံလုံး သာယာဝပြောရေးဆီသို့”အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား မျက်စိကုသမှုဆောင်ရွက်ပေးရန် ဗဟန်းမြို့နယ် အမျိုးသမီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်အတွင်းမှ မျက်စိလာရောက်ပြသသည့် နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင် ၁၉ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေအဖွဲ့ဝင်များ၊ Health Promoted Family တို့ပူးပေါင်း၍ ကားဖြင့် ပို့ဆောင်ပေးခဲ့ကြပြီး မျက်စိကုသမှုနှင့်ပတ်သက်၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဉာဏ်မင်းပြည့် (ပြန်/ဆက်)