သာကေတ ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူက ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပရာ သာကေတမြို့နယ် ၂/မြောက်ရပ်ကွက်ရှိ အ.မ.က (၁၉) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သဲထက်ဇင်(ပြန်/ဆက်)