သပိတ်ကျင်း ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် ယနေ့နံနက်၉နာရီက မြို့မဈေးဝင်းအတွင်း သန့်ရှင်းသာယာရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ သန့်ရှင်းရေးဆောင်ရွက်သည်။
သပိတ်ကျင်းမြို့မဈေးအတွင်း ဈေးသည်များ ပုံမှန်ရောင်းဝယ်နိုင်ရန်အတွက် အမှိုက်သရိုက်များ၊ ခြုံနွယ်များ၊ ပျက်စီးပြိုလဲနေမှုများကို မြို့နေပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် အင်တိုက်အားတိုက် ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ဈေးအတွင်း ဈေးသည်ဈေးဝယ်များဖြင့် စည်းကမ်းတကျ ပြန်လည်ရောင်းဝယ်ဖောက်ကားနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိထံမှ သိရှိရသည်။
သပိတ်ကျင်းမြို့နယ် ပြန်လည်စည်ပင်ဖွံ့ဖြိုးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကြီးကြပ်လမ်းညွှန်ဆောင်ရွက်ပေးခဲ့ပြီး မြို့နေပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)