ကော့မှူးမြို့နယ် ငှက်‌အော်စမ်းကျေးရွာ၊ မဆယ်ဆိပ်ကျေးရွာ၊ မှော်တောကျေးရွာ၊ ဝါးသင်္ခ ကျေးရွာများရှိ စားအုန်းဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေး

ကော့မှူး ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိကို ယမန်နေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့က ကော့မှူးမြို့နယ်အတွင်းရှိ ငှက်အော်စမ်းကျေးရွာ၊ မဆယ်ဆိပ်ကျေးရွာ၊‌ မှော်တောကျေးရွာ၊ ဝါးသင်္ခကျေးရွာများရှိ စားအုန်းဆီအရောင်းဆိုင်များအား ပြည်သူများကိုစာအုန်းဆီများသတ်မှတ်ရည်ညွှန်း ဈေးအတိုင်းရောင်းချရေး၊ ဈေးကစားလိုသည် ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန် စားအုန်းဆီများအား သိုလှောင်ခြင်းမပြုလုပ်ကြရန်နှင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)