ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ် ၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲ ကျင်းပ

ဒလ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲနှင့် အသက်(၁၂) နှစ်အောက် လူငယ်ဖူဆယ်ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီက ကမာကသွယ်ရပ်ကွက်၊ ဗိုလ်တေဇအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ဘောလီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော ပြိုင်ပွဲဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၂) နှစ်အောက် လူငယ်ဖူဆယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား အမှတ်တရဆု တံဆိပ်နှင့် ဂုဏ်ပြုငွေများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ပြိုင်ပွဲဆုရရှိသူများ၊ ပြည်သူများ စုစုပေါင်း အင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရဲရင့်သူ(ပြန်/ဆက်)