ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၆ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အမှတ်(၁၅၅)ရပ်ကွက် အိမ်ခြံမြေအကျိုးဆောင် ဘောလုံးအသင်းနှင့် ညွှန့်ပေါင်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ် (၁၅၅) ရပ်ကွက်အိမ်ခြံမြေအကျိုးဆောင် ဘောလုံးအသင်းမှ ညွှန့်‌ပေါင်းဘောလုံးအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုကိုဆွတ်ခူးရရှိခဲ့ပြီး ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌သန့်‌ဇော်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ