မြစ်သားမြို့နယ်၌ အသည်းရောင်အသားဝါ အေဗိုင်း ရပ်စ် (HAV) ရောဂါကာကွယ်ဆေးထိုးနှံ

မြစ်သား ဖေဖော်ဝါရီ ၁၀  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ၂ နှစ်အထက် မှ ၁၅ နှစ်အောက် ဌာနဆိုင်ရာများမှဝန်ထမ်း သား၊သမီးကလေးငယ်များအား အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်(HAV) ရောဂါကာကွယ်ဆေးထိုးနှံ‌ပေးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ထိုးနှံပေးသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် နှစ်အထက်မှ  ၁၅ နှစ်အောက်ဌာနဆိုင်ရာများမှဝန်ထမ်း သား၊ သမီးကလေးငယ်များကို အသည်းရောင်အသားဝါအေဗိုင်းရပ်စ် (HAV)ရောဂါသည် ဗိုင်းရပ်စ်ပိုးဝင်သောအစားအစာများစားသောက်ခြင်းဖြင့် ပိုးကူးစက်ခြင်းခံရပြီး အသည်း ရောင်ရမ်းခြင်းကြောင့်  အသည်းရောင်အသားဝါ အေဗိုင်းရပ်စ်(HAV)ရောဂါပြန့်ပွားခြင်း မရှိစေရန် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေး‌ရာသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများမှ ဝန်ထမ်းသား၊ သမီးကလေးငယ် ၂၄၀ ဦးတို့အား အသည်းရောင်အသားဝါအေဗိုင်းရပ်စ် (HAV) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရ သည်။

ဝါဝါမြင့်(မြစ်သား)